iPhone 15 ကိုဘာကြောင့်ဝယ်သင့်လဲ

iPhone 15 ကိုဘာကြောင့်ဝယ်သင့်လဲဆိုတာကို အချက် (5) ချက်နဲ့ပြောပြမယ်
iPhone 15 Series ထဲမှာ iPhone 15, 15 Pro နဲ့ 15 Pro Max ဆိုပြီး သုံးမျိုးရှိတာတော့ အားလုံးသိပြီးသားပါ။ ဒါပေမယ့် iPhone 15 တွေက အရင်နှစ် iPhone တွေထက် ပိုထူးခြားနေတာ ဘယ်သူမှ မသိဘူး ဟုတ်!
1.iPhone 15 ဟာ iPhone 15 Pro Models တွေထက် ဈေးသက်သာတယ်
2.iPhone 15 မှာရွေးချယ်စရာ အရောင်တွေပိုများတယ်
Black, Pink, Blue, Green ရွေးချယ်စရာ အရောင်တွေမှ စုံလို့
3.အရမ်းလည်းမကြီး အရမ်းလည်းမသေးဘဲ သင့်တော်တဲ့ Screen Size လေးရှိတယ်။ iPhone 15 ရဲ့ Screen Size ဟာ 6.1-inch လက်မပဲရှိတာမလို့ လက်ထဲမှာကိုင်ထားဖို့ သင့်တော်တဲ့ အရွယ်အစားရှိတဲ့ အပြင် ဖုန်းကိုင်ရတာလည်း သက်တောင့်သက်သာရှိနေမှာပါ။
4.iPhone 15 မှာ Pro Models တွေနဲ့ တူညီတဲ့ Camera ပါတယ်
ဒါက အားသာချက်လို့ပြောရပါမယ်။ 48MP ဆိုတော့ Pro တွေနီးတူ ရိုက်ချက်တိုင်းက လှနေမှာနော်။
5.iPhone 15 ဟာ လက်ရှိ စမတ်ဖုန်း Chipsets တွေထဲမှာ အမြင့်ဆုံးဆိုတဲ့ A16 Bionic Chipset သုံးထားတယ်
A16 Bionic Chipset ဟာ လက်ရှိ စမတ်ဖုန်း Chipset တွေထဲမှာ အမြင့်ဆုံးဖြစ်လို့ Performance ကို အထွေအထူးပြောစရာတောင်လိုမယ်မထင်ပါဘူး.. iPhone 15 ဟာ 15 Pro Models တွေလို Camera စွမ်းဆောင်ရည်အပြင် တခြား စွမ်းဆောင်ရည်တွေမှာလည်း သိပ်မကွာတာမို့ သက်သာတဲ့ဈေးနဲ့ Performance ကောင်းကောင်းသုံးချင်တဲ့သူတွေအတွက်တော့ ဝယ်ဖို့အသင့်တော်ဆုံး ပန်းသီးတစ်လုံးဆိုတာ အသေအချာပါပဲ..
Keep reading



