iPhone အသစ်ဝယ်ပြီးရင် မဖြစ်မနေ ဖွင့်ထားသင့်တဲ့ Feature များ

iPhone အသစ်ဝယ်ပြီးရင် မဖြစ်မနေ ဖွင့်ထားသင့်တဲ့ Feature များ
1. Battery Health ကိုမထိခိုက်ဖို့အတွက် Optimised Battery Charging တို့လို Feature တွေကို On ထားပေးရမှာပါ။
2. Sound Level တွေ ချိန်ညှိပါ
Ringtone နဲ့ Sound Level တွေကို နှစ်သက်ရာထားနိုင်ဖို့အတွက် Settings ထဲမှာရှိတဲ့ Sound & Haptic မှာဝင်ရောက် ပြုလုပ်နိုင်ပါတယ်။
3. AssistiveTouch ကို ဖွင့်ထားပါ
AssitiveTouch ကို ဖွင့်ထားပြီးအသုံးပြုမယ်ဆိုရင်တော့ Screen အဖွင့်အပိတ်လုပ်တာနဲ့ Screenshot လုပ်တာတွေအပါအဝင် လိုအပ်တဲ့ Feature တွေကို အသုံးပြုလို့ရနိုင်တာကြောင့်ဖြစ်ပါတယ်။
4. Timezone ကို ပြောင်းလဲပေးပါ
Timezone က iPhone ကို Setup လုပ်ပြီးပြီချင်ဆိုရင် 24 Hours ဖြစ်နေတက်ပါတယ်။ ဒါကြောင့် Settings ထဲမှာရှိတဲ့ General ရဲ့ Date & Time မှာ 24-Hour Time ကို Off လုပ်ပေးလိုက်ရမှာဖြစ်ပါတယ်။
5. နောက်ဆုံးတစ်ချက်ကတော့ Dark Mode ကို အသုံးပြုပြီး Auto- Brightness ကို ပိတ်ပေးထားလိုက်ရင်တော့ iPhone တစ်လုံးကို စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Keep reading



